Twitter Delicious Facebook Digg Stumbleupon Favorites More

Tuesday, August 30, 2011

GTC ရဲ့ ရင်ခုန်သံ (အေးမျိုးဝင်း) အပိုင်း - ၁

ဒီနေ့မနက် အစောကြီး နိုးနေတယ်။ နိုးမှာပေါ့….. ကျွန်တော်ရဲ့ ပထမဦးဆုံး GTC ဆိုတဲ့ ကျောင်းကြီးကို စတင်အခြေချရတော့မှာကိုး။ ရန်ကုန်မှာ ကွန်ပြူတာ ပစ္စည်းတွေ အရောင်းအ၀ယ် လုပ်နေတဲ့ ဦးလေးက ဆိုင်ကယ်အသစ်တစ်စီး မနေ့ကမှ ပို့လိုက်တယ်။ အကြိုက်ပေါ့ဗျာ။ တောင်ငူဆိုတဲ့ နယ်မှာဆိုတော့ ဆိုင်ကယ်တွေ ကိုယ်ဆီတော့ ရှိကြပါတယ်။ ဒါပေမယ့် တက္ကသီလာကို စတင်ခြေချမယ့် ကျွန်တော့်အတွက် အသစ်စက်စက်တစ်စီးတော့ အလိုရှိတာ အမှန်ပါပဲ။ ဒါကိုလည်း ဦးလေးက ဖြည့်ဆည်းပေးခဲ့တယ်။

ရေ မိုးချိုးပြီး၊ အမေခူးပေးထားတဲ့ မနက်စာတောင် မစားတော့ဘဲ ကျောင်းထဲသို့ အပြင်း ဒိုးလိုက်ပါတော့တယ်။ ကျောင်းကင်တင်းရောက်တော့ ဆယ်တန်းထိ သူငယ်ချင်းဖြစ်ခဲ့တဲ့ မျက်ပြူးနဲ့ တိုးတော့တာပဲဗျို့။
“ဟိတ်ကောင် ငဇော်၊ လာလေကွာ…. လချီးနဲ့မှပဲ ငါတို့တင်စောတယ်ထင်နေတာ မင်းလည်း အစောကြီး ရောက်လာတာပဲကွ”
ကျွန်တော်လည်း ငြင်းမနေတော့ဘဲ မျက်ပြူတို့ဝိုင်းတွင် ၀င်ထိုင်လိုက်သည်။

မျက်ပြူးက “ ငဇော်၊ ဒါ ငါ့အစ်မရဲ့ တပည့်ပေါ့ကွာ။ သူနာမည်က ၀င်းရှိန်တဲ့…..၊ ဒီနားက ရပ်ကွက်ထဲမှာပဲ နေတာ။”

သို့နှင့် ကျွန်တော်တို့ ရောက်တတ်ရာရာ စပြီး ဖောကြ ပြောကြတယ်ဆိုပါတော့။ အဲ…. မိတ်ဆက်ဖို့ တစ်ခုကျန်သွားတယ်….။ ကျွန်တော့်နာမည်က ထက်ဇော်တဲ့။ ခင်တဲ့ သူငယ်ချင်းတွေက ငဇော် လို့ပဲ ခေါ်ကြပါတယ်။

ကျောင်းသား တဖွဲဖွဲ ၀င်လာကြသည်။ ကျွန်တော်တို့လည်း ကင်တန်းမှ ထခဲ့ကြသည်။ မျက်ပြူးနဲ့တော့ ကျွန်တော်မေဂျာမတူ။ ၀င်းရှိန်နဲ့ မေဂျာက တူနေတယ်။ အဖော်ဦးဆုံး စရသွားတယ်ဆိုပါတော့။

ဝင်းရှိန်ဆိုသည်မှာ ကဗျာဝါသနာပါလွန်းသူ ဖြစ်သကဲ့သို့ ကျွန်တော်သည်လည်း ကဗျာကို အလွန်စိတ်ဝင်စားကာ ကိုယ်တိုင်းလည်း ဟိုမထိ ဒီအထိ လျှောက်ရေးသောသူ ဖြစ်နေတော့ တစ်ဦးနဲ့တစ်ဦး ပိုမိုရင်းနှီးသွားကြပါတယ်။ ဆရာမတွေ ရှေ့ကသင်နေရင် နှစ်ယောက်သား ဟိုခြစ် ဒီခြစ် ကဗျာရေးရင် ရေးနေကြတာ။

ဒီလိုနဲ့ ကျောင်းတက်ချိန်တွေ ကြာလာပေမယ့် စလိုက် နောက်လိုက်နဲ့ သူငယ်ချင်း တစ်အုပ်တစ်ပင်ကြီး ရလာကြတယ်ဆိုပါတော့။ မြှောက်ပြောတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ GTC ကျောင်းသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် စည်းလုံးမှုရှိကြတယ်ဆိုတာပါပဲ။ ဒါကလည်း တက္ကသိုလ်ရဲ့ အလေ့အထလားတော့ မသိ။

တစ်နေ့…………..။
ဆုံနေကျ ကျောင်းကင်တင်းသို့ ၀င်လိုက်တော့ အခြားမေဂျာ ဒုတိယနှစ် ၊ တတိယနှစ် အစ်ကို နှစ်ယောက်နှင့် ၀င်းရှိန် ၊ မျက်ပြူးတို့ ထိုင်နေတာတွေ့လိုက်တယ်။ ကျွန်တော်လည်း ၀င်ထိုင်လိုက်တယ်။
“ငဇော်....၊ ငါတို့ မင်းကို စောင့်နေတာ၊ ဒီလိုကွာ ငါတို့ ကဗျာစာအုပ်လေးလုပ်မယ်။ ပြီးရင် ဒီကအစ်ကိုတွေက အတန်းလိုက် လိုက်ပြီး ရောင်းမှာကွာ၊ အဲ့ဒါ မင်း ဘယ်လိုသဘောရလဲ”

ကျွန်တော်လည်း သဘောတွေ့လှတယ်။ ရောင်းရ မရောင်းရရ ကဗျာရေးရမယ်ဆိုလို့ကတော့ ပျော်နေပြီသား။
“ဟကောင်ရ၊ မေးနေစရာလိုလို့လား…. ကဗျာပိုးက ထရွနေတာ….. လုပ်လိုက်လေ…. ကြာသလားလို့”
ထိုနေ့က ကျွန်တော်တို့ ကဗျာစာအုပ်လုပ်ရန် တိုင်ပင်ဆွေးနွေးပြီး တာဝန်များ ခွဲဝေပြီး အတန်းတက် လမ်းခွဲလိုက်ကြသည်။

နောက်နေ့တွင် ထိုအစ်ကိုနှစ်ယောက်နဲ့ ကျွန်တော်တို့ သုံးယောက် ဆက်လက် တိုင်ပင် နေတုန်း၊ အစ်ကိုနှစ်ယောက်ထဲမှ မျိုးကျော်လင်းဟုခေါ်သော တစ်ယောက်က
“ဟဲ့….. သဇင်တို့ လာဦးဟ….”

ကျွန်တော့မျက်စိက သူအော်ခေါ်နေသော လမ်းမပေါ်သို့ မျက်စိရောက်သွားသည်။ ဟုတ်သည်။ သဇင်ဆိုတာတော့ ဘယ်သူလဲတော့မသိ။ ထိုအထဲမှ ဆံပင်ဂုတ်ဝဲ၀ဲလေးနှင့် အပြစ်ကင်းစင် နေသော မျက်နှာလေးကတော့ ရင်ထဲ ၀င်ဆောင့်လာသည်။ ယောက်ျားလေးတို့ ထုံးစံအတိုင်း သူမကို ချက်ခြင်း နေရာများစွာ အကဲဖြတ်မိသွားသည်။ အသားညိုညိုလေး၊ ရင်သားများက ရှေ့ကိုထွက်ကာ ကြီးလွန်းလှသည်။ အနားကပ် ၀င်ထိုင်လာတော့မှ တင်သားများမှာလည်း အိုးကြီးဟုခေါ်သော စွံ့ကားမျိုးမဟုတ်ပဲ ခါးသေးကာ တင်မှာ နောက်သို့ ထိုးထွက်နေ၍ အိုးကြီးမျိုးမဟုတ်သော်လည်း ကြည့်ကောင်းလှသည်။ 

အေးမျိုးဝင်း
“ငါ့ညီတို့နဲ့ မိတ်ဆက်ပေးရဦးမယ်၊ ဒါက သဇင်တဲ့…..။ ဒါက နေနီယာဝင်းတဲ့၊ ခင်တဲ့သူတွေကတော့ နေနီလို့ပဲ ခေါ်ကြတယ်၊ ဒီတစ်ယောက်ကတော့ အေးမျိုးဝင်း၊ ကဲ ဟုတ်ပြီလား ငါ့ညီတို့လည်း အစ်တို့တို့လိုပဲ ခင်နိုင်တယ်၊ ဟဲ့ ဒါက မျက်ပြူးလို့ပဲ ခေါ်တော့၊ ဒါက ၀င်းရှိန်၊ ဒီညီလေးကတော့ ငါတို့ထဲမှာ ကဗျာအရေးကောင်းဆုံး ထက်ဇော်”

ကဗျာအရေးကောင်းဆုံးဟု မိတ်ဆက်ခံရသော ကျွန်တော့်ဆီသို့ သူမ၏ မျက်လုံးများ ဝေ့လာကာ ပြုံးပြသည်။ ကျွန်တော်လည်း ပြန်ပြုံးပြကာ မျက်လုံးများ မလွဲတော့…။ သူမ မျက်လွှာချသွားသည်။ ၀င်ရှိန်က ခြေထောက်ကို တက်နင်းကာ အချက်ပြသည်။ သိပ်အတင်ရဲပြီး မကြည့်နဲ့ဆိုတဲ့ သဘောမျိုး။

ဒီလိုနဲ့ ကျွန်တော်တို့ တစ်ရင်းတနှီး ဖြစ်သွားကြတယ်။ နောက်ရက်တွေမှာလည်း သူတို့ဟာ ကျွန်တော်တို့နဲ့ တစ်ဝိုင်းထဲ လာထိုင်တတ်ကြတယ်။ ပျော်ဆိုရယ်မောကြတယ်။ သူမနဲ့ ကျွန်တော်ဟာလည်း ရင်းနှီးသထက် ရင်းနှီးလာကြတယ်။

မျက်ဝန်းအကြည့်
တစ်မှိတ်အတွင်းမှာ
ပစ်ခွင်းလာတဲ့ ဆွဲငင်အားတွေ
ငါ့ဘ၀ ခပ်ပါးပါးကို
ထိန်းချုပ်သွားတဲ့
ကောင်မလေးရယ်……။
ဘယ်ခွန်အားတွေနဲ့
ချည်နှောင်ခဲ့ပါသလဲ……
…………………………….

ဖြတ်ကနဲ…. သူကျွန်တော့်ကိုကြည့်သည်။ လက်ထဲမှာက ကဗျာစာအုပ် ဖွင့်လျက်သား ကိုင်ထားလျက်။
“ဒီလိုကြီး နာမည်တပ်ရေးထားတော့ ဘယ်ကောင်းမလဲ”
“မဟုတ်ပါဘူး …. ကျွန်တော်က တကယ့် ခံစားချက်နဲ့မလို့ နာမည်ကို မပြောင်းတော့ဘဲ တတိယနှစ်မှ အေးမျိုးဝင်း အတွက်လို့ အောက်မှာ စာတန်းလေး ထိုးလိုက်မိတာပါဗျာ”

သူ့မျက်ဝန်းတွင် ရှက်စိတ်နှင့်အတူ နီရဲနေသည်။ သို့သော် စိတ်ဆိုးဟန်လည်း မဟုတ်။
“တကယ်ပါဗျာ… စတွေ့ကတည်းက ကျွန်တော် ချစ်မိနေတာပါ” 

နှစ်ယောက်လုံး စကားများဆွံ့အဆဲ၊ ရပ်နေတာက ကျောင်းဆင်းချိန် ညနေချိန်လေး။ သူမက တွေ့ချင်သည်ဆို၍ နှစ်ယောက်ထဲ တွေ့နေကြခြင်းပင်။ ရုတ်တရက် မိုးများ ရွာချလာတော့တယ်။
“ကျွန်တော်တို့ ပြန်ကြရအောင်၊ မိုးတွေ ရွာနေပြီ။ ဖျားနေရင် နောက်နေ့ ကျောင်းမတက်နိုင်ဘဲ ဖြစ်နေဦးမယ်”

သူ့ကို ကျွန်တော့်ဆိုင်ကယ် သစ်သစ်လေးပေါ်မှာတင်ပြီး မြို့တွင်း သူမအိမ်ရှိရာသို့ မောင်းလာ ခဲ့တော့တယ်။ ဆိုင်ကယ်ကလည်း မိုးသည်းလွန်း၍ ဖြည်းဖြည်းလေးသာ လှိမ့်နေရသည်။ မျက်စိများလည်း မိုးပက်၍ နီရဲကာနေလေပြီ။ ဒါပေမယ့် ကျွန်တော် ကျေနပ်သည်။ ချစ်ရသူ တစ်ယောက်လုံး ကိုယ့်နောက်တွင် ပါနေတယ်မဟုတ်လား။ ပြီးတော့ သူ့ရဲ့ ရင်သားနို့ထွားထွား လေးက ကျွန်တော့်ရဲ့ ကျောကုန်းကို ထိလိုက် ခွာလိုက်နှင့်…. နွေးကနဲ နွေးကနဲ ဖြစ်နေသည်။ ကားစုရပ်နားရာသို့ ပို့ခဲ့ပြီး သူမ အိမ်သို့ ဆိုက်ကားငှားကာ ပြန်သည်။


ဘယ်လိုဖြစ်ဖြစ် သူမ စိတ်မဆိုး၍ အခြေအနေကောင်းသည်ဟု ထင်မိပါတယ်။ နောက်နေ့မနက် ကင်တင်းမှာ ထုံးစံအတိုင်း ခြောက်ယောက်သား ထိုင်ကြသည်။ သူမကတော့ အေးဆေး ဖြစ်သလို၊ ကျွန်တော်ကတော့ မျက်နှာတော့ နည်းနည်းပူမိသည်။ သို့သော် ပုံမှန်အတိုင်းပဲ ပြောဆို မပျက်ပေ။ ၀င်းရှိန်ကတော့ “ဟိတ်ကောင် ငါမနေ့ညနေက ကျောင်းကားဂိတ်က လက်ဖက်ရည် ဆိုင်မှာ ရှိနေတယ်နော်” တဲ့။ သူသိတယ်ဆိုတဲ့ အထာပေါ့။

“မျိုး…….. ကျွန်တော့်ကို ချစ်တယ်မှတ်လား”

သူမ မငြင်းပါ။ သို့သော်လည်း မဖြေပါ။ ညနေခင်း မိုးမရွာသော်လည်း မိုးရိပ်အေးအေးနှင့် လေစိမ်းများတိုက်နေသည်။ ဒီနေရာက မိန်းကားလမ်းဘေးက လယ်ကွင်းဖက်ဖြစ်သည်။
ကျွန်တော်ထပ်မေးလိုက်သည်။
“မောင့်ကို ငြင်းစရာမရှိပါဘူး”

အိုး……….။ အဖြေပေးတော့လည်း မောင်လို့ တန်းခေါ်ပြီး အဖြေပေးပါရောလားဗျာ။
“အရမ်းချစ်တယ် မျိုးရာ……” ဆိုပြီး ကျွန်တော်သူ့လက်ကို ဖမ်းဆုပ်ကိုင်လိုက်သည်။ ထို့နောက်တွင်တော့ စိတ်မထိန်းနိုင်ပဲ ဖက်လိုက်မိတယ်။
“ကားလမ်းမကြီးမှာနော်…. အခုပဲ အဖြေပေးရသေးတယ်… တော်တော်ကဲတာပဲ”
ကျွန်တော်လဲ သတိလက်လွတ်ဖြစ်သွားခြင်းပါ။ ဟုတ်တာပေါ့ ရန်ကုန် မန္တလေး ကားလမ်းမကြီးဘေးမှာ ဆိုင်ကယ်ကြီးရပ်ပြီး အတင်းဖက်နေတာ။ ဟတ်ဟတ်။ 

“မျိုး……မောင်တို့ ဟိုနားမှာ ထိုင်ပြီး စကားသွားပြောရအောင်နော်”
မနီးမဝေးရှိ တဲဖက်၊ တဲထဲတွင် ရေအိုးစင်၊ အဲ့တဲနောက်မှာတော့ ထန်းပင်များ အစီအရီ ပေါက်လျက် ရှိသည်။ သူမ မငြင်းပါ။ သူမကို ရှေ့ကသွားခိုင်းပြီး ကျွန်တော်က နောက်က ဆိုင်ကယ် တွန်းပြီး လိုက်သည်။ မျိုးရဲ့ တင်းရင်းနေတဲ့ နောက်ပိုင်းအလှကို ကြည့်ရင်း ကျွန်တော့် ငယ်ပါက တော်တော်လေး တင်းနေပြီ။

ဆိုင်ကယ်ကို တွန်းသွားကာ တဲထဲသို့ ထည့်လိုက်သည်။ ထန်းလက်မိုး၊ ထန်းလက်ကာနှင့် ယာယီတဲလေးတွင် သူမထိုင်ဖို့ ထန်းလက်များ ယူလိုက်သည်။
နှစ်ယောက်သား ထိုင်လိုက်သည်။
“မျိုး ကို အရမ်းချစ်တယ်ကွာ”

လက်လေးကို ဆုပ်ကိုင်ကာ ဖျစ်ညှစ်ပစ်လိုက်သည်။
နောက်လက်တစ်ဖက်က သူမ၏ လက်မောင်းအိုးလေးကို ပွတ်သပ်နေမိသည်။
မျိုး …. တဖြည်းဖြည်း နေမထိ ထိုင်မသာဖြစ်လာသည်။ လက်မောင်းကနေ လက်တောက်လျှောက် အသာအယာ ပွတ်ပေးနေမိသည်။ မျိုးရဲ့ နားသယ်စလေးကို စနမ်းလိုက်တယ်။ မျိုးက ကျွန်တော့်ကို မော့ကြည့်တယ်။ မော့ကြည်တယ်ဆိုရင်ပဲ မျိုးရဲ့ နှုတ်ခမ်းထူထူလေးကို နမ်းပစ်လိုက်တယ်။ ပြီးတော့ အပေါ်နှုတ်ခမ်းလေးကို စုပ်ယူပြီး လျှာလေးကို ထိုးထည့်လိုက်တယ်။ မျိုး အသားပင်တုန်ကာ လန့်သွားသည်။ သူ့လျှာလေးကို ဆွဲယူကာ စုပ်ပေးလိုက်တယ်။ အလိုက်သင့်ပင်။ အသက်ရှူနှုန်းတွေ မြန်လာတယ်။ အချိန်တစ်အောင့်ကြာမှ နမ်းနေရာမှ ခွာပေးလိုက်တယ်။ “ပြွတ်”ကနဲ အသံကျယ်သွားတယ်။ သူမ ရှက်သွားသည်။ ကျွန်တော့် ရင်ခွင်ထဲကနေ ထလိုက်တယ်။

“မောင်….. အိမ်ပြန်ကျရအောင်နော်၊ ကျောင်းပြန် နောက်နောက်ကျနေရင် အိမ်ကပြောလိမ့်မယ်”
ကျွန်တော်လည်း လိုက်လျောလိုက်တယ်။ ဟုတ်တယ်လေ။ ရောက်နေကျအချိန် မရောက် လာရင် အိမ်က စိတ်ပူနေဦးမယ်။ သူမကို တင်မောင်းပြီး ထုံးစံအတိုင်း ကားစုရပ်ကို လိုက်ပို့လိုက်တယ်။

အပိုင်း(၂) ဆက်ရန် 

သူကြီး

2 comments:

aungnaing.blogspot.com said...

အပိုင်း (၂) တင် ပေး ပါ ဦး

Love Messenger said...

ယခုဆိုက် ၀င်မရတော့၍ ဆိုက်အသစ်တွင် ဆက်လက်ရေးနေသည်။ လာရောက်ဖတ်နိုင်သည်။ http://mmlovestories.blogspot.com/

Post a Comment

 
Design by Myanmar Love Stories | Bloggerized by သူကြီး - Myanmar Love Stories | Myanmar Love Stories